Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲထောပတ်စျေးများကျကာ ပဲမျိုးစုံစျေး သိသိသာသာမြင့်တက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲထောပတ်စျေးများကျကာ ပဲမျိုးစုံစျေး သိသိသာသာမြင့်တက်

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာ တစ်ပတ်အတွင်းကာလတူ (..၂၀၂၂) ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲထောပတ်စျေးကျကာ ကျန်ပဲမျိုးစုံစျေး သိသိသာသာစျးမြင့်တက်ခဲ့ပါသည်။ ပဲထောပတ် (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၅၅ဝဝ)ကျပ်၊ ယခုတစ်ပတ် (၄၄၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀ဝဝ)ကျပ် စျေးကျကာ ပဲတီစိမ်း(၁၉)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၃၅ဝဝ)ကျပ်၊ ယခုတစ်ပတ်(၄၄၅ဝဝ)ကျပ် စျေးဖြစ်သည့် အတွက်(၁၀ဝဝ)ကျပ်၊  ကုလားပဲ(V2) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၃၀ဝဝ)ကျပ်၊ ယခုတစ်ပတ် (၅၃၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅ဝဝ)ကျပ်၊  ကုလားပဲ(မြကြေး) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၉၅ဝဝ)ကျပ်၊ ယခုတစ်ပတ် (၅၃၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၅ဝဝ)ကျပ်၊  ကုလားပဲ (929) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၀၂ဝဝ)ကျပ်၊ ယခုတစ်ပတ် (၅၄၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၈ဝဝ)ကျပ်၊  ကုလားပဲ(HL)(၁၉) ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၉၃ဝဝ)ကျပ်၊ ယခုတစ်ပတ် (၅၃၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၄၂ဝဝ)ကျပ်၊ ကုလားပဲ(သေး) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၈၀ဝဝ)ကျပ်၊ ယနေ့(၅၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၀ဝဝ)ကျပ်၊ ပဲကြီးဖြူ (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၇၀၀ဝဝ)ကျပ်၊ ယခုတစ်ပတ် (၇၁၀ဝဝ)ကျပ် စျေးဖြစ်သည့် အတွက်(၁၀ဝဝ)ကျပ်၊    ပဲစဉ်းငုံးနီ(သစ်) (၂၀)ပိဿာ(၁) တင်းလျှင် ယခင်တစ်ပတ် တွင်(၅၀၀ဝဝ)ကျပ်၊ ယနေ့ (၅၉၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၉၅ဝဝ)ကျပ်၊ မတ်ပဲ (၂၀)ပိဿာ (၁) တင်းလျှင် ယခင်တစ်ပတ်တွင်(၅၂၀ဝဝ)ကျပ်၊ ယနေ့ (၅၈၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၆၅ဝဝ)ကျပ်၊ စားတော်ပဲ (၂၀)ပိဿာ (၁) တင်းလျှင် ယခင်တစ်ပတ်တွင် (၁၀၅၀ဝဝ)ကျပ်၊ ယနေ့ (၁၁၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်တို့ဖြင့် စျေးသိသိသာသာမြင့်တက်ခဲ့ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်းသိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News